ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိကာ စိုက်ပျိုးသူများဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများနှင့် ခြံဝိုင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိသူများသည် ဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ် တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.မ.က (မူလွန်) ကြွယ်ဂံကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ)ရေ သိုးကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက်အတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။

တောင်ငူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အသင်းလုံးကျွတ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အသင်းလုံးကျွတ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁၈)ရပ်ကွက်ရှိ၊ မြို့နယ်သမဝါယမအသင်းလီမိတက်ရုံး၌ ကျင်းပသည်။

ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်) ဗိုလ်ချုပ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင် ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်း(လွန်) ဗိုလ်ချုပ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်မြို့ (မူယာပင်)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ ရွာဘဲရပ်ကွက်ရှိ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်(၁၁)နာရီက ညောင်လေးပင်မြို့ ဆုံကုန်း/ဆုံကွဲရွာကျောင်း၌ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (သဲကုန်း)ကျောင်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပပြုလုပ်သည်။

မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "တန်ဖိုးရှိလှ လူငယ်ဘဝ"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး