ညောင်လေးပင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက်အတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင်က တကိုယ်ရည်ကျန်းမာရေးအကြောင်း သိကောင်းစရာများကို ဟောပြောပေးခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့်၀န်ထမ်းများက ရဟန်း၊ သံဃာတော်များအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)