ပဲခူးတိုင်းဒေသကြီး

မင်းလှ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ ရွှေတောင်လမ်း အခြေခံပညာမူလတန်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၌ လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင်(၁)လမ်းတွင် ယနေ့ညနေ(၁၇:၁၅)နာရီအချိန်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ကဝမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)မုဒုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခနာ) ၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခနာ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ သံသတ်စမ်းကျေးရွာနှင့်ညောင်ပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပကို ယမန်နေ့ နေ့လယ်ပိုင်းကမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ဟောပြောပွဲကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံ၏အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)ထန်းပင်ကုန်ကျောင်းနှင့် အ.မ.က(ရှမ်းတော)ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတရားစခန်းဝင်ရောက်သည့် ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်‌ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို  ယမန်နေ့ ညနေ(၃)နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး