ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၊ မြို့မစျေးကြီးတွင် စားအုန်းဆီရောင်းချသည့် စျေးဆိုင်များအား တာဝန်ရှိသူများကရှောင်တခင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက စုပေါင်းအဖွဲ့တို့မှ ရှောင်တခင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး ၊ ဆီးချို ၊ နှလုံး သွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့၌ (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆို ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌  သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟ စာမေးပွဲစတင်ဖြေဆိုကျင်းပခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီချိန်က ပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရာ ယင်းတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

မင်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းစီပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအမှူးပြုသော သံဃာ့ဝန်ဆောင်ဆရာ‌တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖြူးမြို့နယ်၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 စာမေးပွဲ အောင်ချက်မြင့်မားရေး မိဘဆရာတွေ့ဆုံညှိနှိုင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၇၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ အောင်ချက်မြင့်မားရေး မိဘဆရာတွေ့ဆုံညှိနှိုင်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်အတွင်း‌ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး