ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၁၉

သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးထံ ဥပဒေသိမှတ်ဖွယ်ရာစာအုပ်များအား လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးကိုက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတို့အားလည်းကောင်း၊ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ဥမ္မာလွင်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေတို့ကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)