မိုးညို ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲကျင်းပမည့် အ.ထ.က(မိုးညို)စာစစ်ဌာနအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်မှူးရုံးတို့မှတာဝန်ရှိသူများက အ.ထ.က(မိုးညို)စာစစ်ဌာနရှိ မိန်းပလပ်ခုံများ၊ ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မီးကြိုးများစစ်ဆေး၍ လိုအပ်သည်များပြုပြင်ဆောင်ရွက်ခြင်း၊ မီးသတ်ဆေးဘူးများကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပေးခြင်း၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရန်လိုအပ်သည်များကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများအား အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး ပေါင်းစပ်ညှိ့နိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)