ပဲခူးတိုင်းဒေသကြီး

(၅၄) ကြိမ်မြောက် တောင်ငူခရိုင်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိစာတော်ဖြေဆိုပွဲ ကျင်းပလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံသာသနာ့ဗိမာန်တော်စာဖြေဌာန၌ (၅၄) ကြိမ်မြောက် တောင်ငူခရိုင်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိစာတော်ဖြေဆိုပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆိုသည်။

ပဲခူးမြို့နယ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲဖြေဆိုနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် လိုက်လံကြည့်ရှု အားပေး

ပဲခူးမြို့နယ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများတွင် စတင်ဖြေဆိုကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဝေါမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ကျောက်ကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ပြီး အခြေခံပညာဦးစီးဌာနစီစဥ်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဖူးစားပြောင်းများ ဈေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း စိုက်ပျိုးသူတောင်သူကိုခင်အေးထံက သိရသည်။

သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ မီးဘေးလုံခြုံစေရန်နှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ​မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်၌ ဆောင်ရွက်ခဲ့သည်။

ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး