ကျောက်ကြီး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ပြီး အခြေခံပညာဦးစီးဌာနစီစဥ်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5၊ Grade-9၊ တက္ကသိုလ်ဝင် အတန်းများမှလွဲပြီး ကျန်အတန်းများ မိမိတို့သက်ဆိုင်ရာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရသည်။
ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၃)ကျောင်းတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၅၄၅၄)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ(၄၅၈၆)ဦး ပျက်ကွက်သူ(၁၆)ဦးရှိပြီး ဖြေဆိုသူ(၈၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရသိရသည်။
မြို့နယ်ပြန်/ဆက်