ဝေါမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ဝေါ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ အခမ်းအနားတက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များတို့က သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပြ) နှင့် (လှုပ်ရှား) (၅၀) ဦးတို့အား တွေ့ဆုံ၍ အခက်အခဲများမေးမြန်းကာ အားပေးစကားများ ပြောကြားပြီး ကြက်ဥနှင့် မားမားခေါက်ဆွဲခြောက်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)