ပဲခူးတိုင်းဒေသကြီး

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။     

ဝေါမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ(အခမဲ့) ဖွ၈့်လှစ် သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သင်ကြားပေးသော နွေရာသီအခြေခံအားကစားသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အားကစားခန်းမနှင့်အားကစားကွင်း၌ အားကစားနည်း(၃)မျိုးတို့ကို  အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "ပထမမင်္ဂလာ"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် နွေရာသီအ​​ခြေခံအားကစားသင်တန်းများဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ ပညာရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေပညာရပ်ဆိုင်ရာ အသိပညာဖြန့်ဝေပေးနိုင်ရေး(တိုင်းဒေသကြီးအဆင့်)ဆင့်ပွားဆွေးနွေးပွဲ သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ ပညာရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေပညာရပ်ဆိုင်ရာ အသိပညာဖြန့်ဝေပေးနိုင်ရေး(တိုင်းဒေသကြီးအဆင့်) ဆင့်ပွားဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာပန်းခင်းခန်းမ၌ ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ ဖူးစားပြောင်း၊ ငရုတ်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၉၂၉ ဧက စိုက်ပျိုးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-ခုနှစ်အတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပတ်၊ ဖူးစား‌ပြောင်းနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၉၂၉ ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ကျော်လွန် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကဝမြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၉၉၂)ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကဝ)   စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ)စာစစ်ဌာနတို့၌ ကျောင်းသား/ကျောင်းသူ(၉၉၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

(၃၄) ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က ကြုံတူစေတီတော်မြတ်ကြီးရှေ့တွင် ကျင်းပကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး