ကဝ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကဝ) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ)စာစစ်ဌာနတို့၌ ကျောင်းသား/ကျောင်းသူ(၉၉၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူကျား (၃၈၆)ဦး၊ မ(၅၈၉)ဦး စုစုပေါင်း (၉၇၅)ဦး၊ ပြင်ပဖြေဆိုသူ ကျား (၁၃)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၇)ဦးဖြစ်ပြီး၊ အတွင်းဖြေဆိုသူနှင့် အပြင်ဖြေဆိုသူ စုစုပေါင်း(၉၉၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် အခြေခံပညာအထက်တန်း(ကဝ) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ)စာစစ်ဌာနတို့၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုူရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနိုင်ရန်အတွက်လည်း လိုအပ်သည်များကို အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)