ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ကျုံမှော်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ကျုံမှော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လွှတ်‌တော်ကိုယ်စားလှယ်များ လပွတ္တာခရိုင်အတွင်းရှိ (၂) မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်အများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်အန္တရာယ်ဖြစ်ပေါ်လာပါက ငလျင်ကြောင့်ဆုံးရှုံးမှုများအား လျှော့ချရန်၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ၊ အင်အားပြင်း ငလျင်တစ်ခုဖြစ်ပွားလာပါက ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးသည့်အချိန်များမှာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များမှ သတ်မှတ်နိုင်ရန်နဲ့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အထက (၂)ကျောင်းတွင် ဆောင်ရွက်ကြသည်။

ဘိုကလေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားလိုင်းများ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီရာ၏  ကြီးကြပ်မှု ဖြင့်ဝန်ထမ်းများမှမြို့တွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများကို ကွင်းဆင်းလိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဟိုင်းကြီးကျွန်းမြို့၌ အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ညောင်တုန်းမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍ သဘာ၀ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ရေး) သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး