ကျုံပျော်မြို့နယ်၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ကျုံပျော်  ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၏  (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ဦးစွာကျုံပျော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  အခြေခံပညာအဆင့် အဆိုရှင်ခြူးခြူးလေးက ရိုးရာအမွေထိန်းသိမ်းစို့လေသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ အခြေခံပညာအဆင့်ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊  တစ်‌ဦးချင်းအကပြိုင်ပွဲနှင့် ကဗျာလွတ်ပြိုင်ပွဲများ ပြုလုပ်ရာ မြို့နယ်အတွင်းရှိ အသက်(၁၀-၁၅)နှင့် (၁၅-၂၀) ကျောင်းသား၊ ကျောင်းသူလေးများက ဘာသာရပ်အလိုက်  အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုပေးပွဲအား ကျင်းပရာ ကျုံပျော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)