ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့ဆွမ်းလောင်း အသင်းဓမ္မာရုံဘေးလမ်း၊ အ.မ.က(ဓမ္မာရုံ)ကျောင်းအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် (၂၄) ရက်နေ့ နေ့လယ်ပိုင်းက ကံ့ကော်ပင်တစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသဖြင့် ယနေ့နံနက်(၇)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မြို့နယ်အဆင့် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် (၂၆) ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲအား ဩဂုတ် (၂၄)ရက်နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၌ (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ဩဂုတ်လ ၂၄ ရက်နေ့နံနက်(၉)နာရီက (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တလုတ္ထော်) စာသင်ကျောင်းခန်းမနှင့် ဓမ္ဘီကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဓမ္ဘီ)ရှိ “ပညာရတနာ”ကျောင်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့က ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(စတုတ္တပတ်) အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့ပဒေသာစျေးကြီးရှိ ဆားလက်လီလက်ကားရောင်းချသောဆိုင်များမှ ဆားနမူနာများအား အိုင်အိုဒင်းပါဝင်မှုအရည်အသွေး စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ(၂၄)ရက်နေ့ မွန်းလွဲ(၁)နာရီက အုန်းပင်ကျေးရွာရှိ မဟာသကျမုနိဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် ​အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

မအူပင်မြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲအား ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး