ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ငွေဆောင် သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက  ငွေဆောင်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ရှောက်ချောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ငွေဆောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးချမ်းမြေ့အောင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာမှုဖြင့်  အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများပေးခြင်းဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအားလုံး ပါဝင်မှုရှိစေရေးနှင့် စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေးတို့အတွက် ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ် စွန့်ခွာပြည်သူများအား မှတ်ပုံတင်အမှတ်စစ်ဆေးခြင်းနှင့် ဧည့်စာရင်းပါအချက်အလက်များ စစ်ဆေးခြင်းတို့ကို ဦးစွာဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ရာတွင် တစ်လလျှင် ( ၂၀၀၀၀) ကျပ်နှုန်းဖြင့်  ( ၃) လစာ တစ်ဦးလျှင် ငွေ( ၆၀၀၀၀)ကျပ်အား  ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပြီးချိန်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးမှ  ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံမှု ရှိ၊မရှိနှင့်တွေ့ကြုံနေရသည့်အခက်အခဲများကို မေးမြန်းခဲ့ပြီး ယာယီနေရပ်စွန့်ခွဦပြည်သူများအနေဖြင့် အခြားဒေသသို့ ပြောင်းရွှေ့ပါက ပြောင်းရွေ့သည့်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ထွက်ခွာမည့်လမ်းကြောင်းအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအား သတင်းပေးပို့ပြီးမှသာ ထွက်ခွာကြရန် အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

R – 014( ငွေဆောင်)