ရွှေသောင်ယံမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ချီးမြှင့်ခြင်းအခမ်းအနားများ ပြုလုပ်

ရွှေသောင်ယံ ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နံနက်(၉)နာရီက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှ ချီးမြှင့်ငွေများကို လိုက်လံပေးအပ်ရာ ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ(၅၉)ဦး၊ အမှတ်(၂)ရပ်ကွက်တွင်(၃၇၈)ဦး၊ အမှတ်(၃)ရပ်ကွက်တွင် (၃၂)ဦး၊ သဲကုန်းကျးရွာအုပ်စုတွင်(၂၇၃)ဦးတို့အား တစ်ဦးလျှင် တစ်လ(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ(၆၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)