ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်၌ Swimming Doctors ဇီဝကဆေးခန်းရေယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အထွေထွေရောဂါကုဆရာဝန်များ၊  ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဇီဝကဆေးခန်းရေယာဥ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ်၊ မိချောင်းအိုင်ကျေးရွာ၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သီတင်းကျွတ်လပြည့်‌နေ့ည၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညက ဘုရားကြီး၏ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများမှ ဆီးမီးတစ်ထောင်အားထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများ စည်ကားများပြား

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ  အောက်တိုဘာ ၆  ရက်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည်။

ပဲခူးမြို့သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်လောင်းလှူပူဇော်

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၆)ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက် သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်း ပုသိမ်မြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့သဲအင်းဂူတရားပြကျောင်းတိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ရေဆွမ်းဆရာတော် ဘဒ္ဒန္တသီဟ (မဟာကမ္မဋ္ဌာနာစရိယ)မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မြန်အောင်မြို့ သမိုင်းဝင်ရွှေဘုံသာစေတီတော်မြတ်ကြီး၌ ဆီမီး(၃၀၀၀)ပူဇော်ပွဲနှင့် ဘုရားစေတီပုထိုးများတွင် ဆီမီးပူဇော်ပွဲများကျင်းပ

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့သမိုင်းဝင် မြန်အောင်ရွှေဘုံသာစေတီတော်မြတ်ကြီး၌ ဆီမီး (၃၀၀၀) ပူဇော်ပွဲနှင့် ဘုရားစေတီပုထိုးများတွင် ဆီမီးရောင်စုံပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ လျှပ်စစ်မီး ရောင်စုံများဖြင့် ပူဇော်ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့ရှိ ဂေါတမသဗ္ဗညုရွှေပြည်အေး (၁၁) ထပ်ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့ ည ၇ နာရီအချိန်တွင် ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ်အတွင်း ဆီမီး ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ညနေ ၆ နာရီတွင် ဆီမီးများ၊ လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ လပြည့်ကျော်(၁)ရက်နေ့ အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့်ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေး ဂီတ၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ မီးပုံးပျံများကို ညပိုင်းတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂေါပက အဖွဲ့ထံမှ သိရသည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာအား ယနေ့ နံနက် ၉ နာရီက (၇)ဖြတ်လမ်း၊ ဦးစန္ဒာလမ်းထောင့်တွင် စိုက်ထူခဲ့ကြသည်။

အိမ်မဲမြို့ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး