ရေကြည် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄)အချိန်က စိမ်းလဲ့ရေကြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့် တာဝန်ရှိသူများက ညောင်ငူကျေးရွာရှိ အိမ်ခြေ (၃၆)လုံး၊ ရွာမြေ (၅.၁၁၄)ဧကအား ဒေသခံပြည်သူများလက်ဝယ်သို့ မြေငှားဂရန်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)