ကျုံပျော် ဇူလိုင် ၂၅
တိုင်းပြည်က အားထားရသည့် မျိုးဆက်သစ် ထူးချွန်အားကစားသမားများ ထွန်းပေါ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျုံပျော်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက နေရာယူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုကာ စစ်ကြောင်းမှူးမှ ကစားသမားအင်အား သတင်းပို့ခြင်းနှင့် အဖွင့်မိန့်ခွန်းတောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်ရေးအတွက် ယခုအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ် ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကာပြိုင်ပွဲအား ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းလုံးအသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းအား ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)