ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် အသင်းသား တောင်သူများအား သွင်းအားစုပေးအပ်

ရေကြည် ဇူလိုင်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ တိုင်းဒေသကြီးဘတ်ဂျတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော အသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ပွဲကိုယမန်နေ့နံနက် ၁၀ နာရီခွဲက ဆီဆုံကုန်းကျေးရွာ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့ စိုက်တိုးမြှင့်အဖွဲ့ဝင်များ သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ အသင်းသားတောင်သူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက စီမံကိန်းဆောင်ရွက်ချက်နှင့် ပန်းတိုင်အထွက်တိုးစေရေးကို ရှင်းလင်းပြောကြား၍ အောင်နိုင်တိုးအထွက်တိုးမျိုး စိုက်ပျိုးသည့် အသင်းသားတောင်သူများအား တစ်ဧကလျှင် (၁.၅)သိန်းနှင့်ညီမျှသော သွင်းအားစုများအား ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)