မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။