ရမည်းသင်း ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “အင်တိုင်းနှလုံးသား” စာကြည့်တိုက်ကို ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အင်တိုင်းကျေးရွာ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးတို့က အင်တိုင်းနှလုံးသား စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖြန်း၍ စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုအားပေးကာ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက သုတ၊ ရသစာအုပ်၊ စာစောင်(၂၀၀)ကို လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်မှ လက်ခံရယူသည်။
ထို့နောက် အင်တိုင်းကျေးရွာ ကိုးရီယားယောက်သူငယ်ချင်းများမှ လှူဒါန်းသည့် အင်တိုင်းအခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဘဝမီးအိမ် ကျောင်းစာကြည့်တိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ စာကြည်တိုက်အား လှည့်လည်ကြည့်ရှုအား ပေးကြသည်။
ဆက်လက်၍ အင်တိုင်းအ.ထ.ကကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)