မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ် မုံပင်ကျေးရွာတွင်း လူကူးတံတား ပြန်လည်ပြင်ဆင်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးများစွာရွာသွန်းခြင်းနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ပြည်ညောင်ကျေးရွာအုပ်စု မုံပင်ကျေးရွာတွင် တည်ရှိသော အရှည် ၁၂၀ ပေ၊ အကျယ် ၆ ပေရှိ မုံပင်-သဲလုံးချောင်းလူကူးတံတားကြမ်းခင်းများပြတ်ထွက်ပြီး ရေစီးနှင့်မျောပါမှုများဖြစ်ခဲ့ရာ သွားလာမှုလမ်ကြောင်း ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ရာ ပြန်လည်ပြုပြင်ပြီးစီးမှုကို ဇန်ရီ ၃၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့ အထက(၂)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က မြင်းခြံမြို့ အထက (၂) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့တွင် (၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝင်းအတွင်းတွင် (၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ်(၁) နာရီအချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အ-ထ-က (၃) ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြင်းခြံမြို့ အ-ထ-က (၃) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြေယာပိုင်ဆိုင်မှု နည်းပါးသူများနှင့် အိမ်ဝိုင်းကွက်လပ်အကျယ်ပိုင်ဆိုင်သူများသည် နေ့စဉ်ဝင်ငွေရရှိရေး မိမိတို့ပိုင်ဆိုင်သည့် မြေနေရာကျဉ်းကျဉ်းတွင် တစ်နိုင်တစ်ပိုင်ကာလတို ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ် ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နှင့် မြစ်သားမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းကြီးတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး ဆိုင်းဘုတ်စိုက်ထူးခြင်း စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့နှင့်မြစ်သားမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းမကြီးတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေး စာသားများပါသည့် ဆိုင်ဘုတ်များစိုက်ထူးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းဘေးဝဲ/ယာရှိ ကျေးရွာပြည်သူများက ပညာပေးသရုပ်ပြ စုပေါင်းလက်တွေ့အမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ညောင်ကုန်း(မ)ကျေးရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ တတိယနေ့ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဓမ္မာနုဂ္ဂဟစာမေးပွဲကြီးကို၊ တပိုတွဲလဆန်း(၁)ရက်နေ့ ဇန်နဝါရီ(၂၉)ရက်နေ့မှစတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မန်တော်ကြီးတွင် ကျင်းပခဲ့ရာ ဇန်နဝါရီ(၃၁)ရက်နေ့တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယွန်းထည်ထုတ်ကုန်ပစ္စည်းများ ထုပ်ပိုးမှုဆိုင်ရာအသိပညာဆွေးနွေးပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ယွန်းထည်ထုတ်ကုန်ပစ္စည်းများ ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး အသိပညာပေးဆွေးနွေးပွဲကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ညနေ ၄ နာရီအချိန်က အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၂၄၁)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၄၇၈၉)ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး