မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင်ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန် ရည်ရွယ်၍  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ သပြေညိုကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၂၅)ကျောင်းရှိ KG ကျောင်သား/ ကျောင်းသူ ၁၇၄၆ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းတွင် ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူ ၁၇၄၆ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါမြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်း၊ အောင်တံခွန်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် လစ်လပ်သွားသည့် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ အစားထိုးရွေးချယ်ရေး အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း အမစာရံသီဓမ္မာရုံကြီးတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက အဌမအကြိမ် မြို့နယ်သံဃာ့နာယကအဖွဲ့မှ လစ်လပ်သွားသည့် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ အစားထိုးရွေးချယ်နိုင်ရေး သတ္တမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အ.ထ.က (၃၀) တွင် အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံယာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ (၂၅%) အနားယူခြင်း၊ အစားထိုးရွေးခြယ်ခြင်းအခမ်းအနားကို၊ ဇန်နဝါရီ (၃၀) ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့ဦးအောင်စေတီဘုရားကြီးဝန်းရှိ စကားဝါဓမ္မဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးနှင့် ထပ်မံကျူးလွန်မှုများမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ထပ်မံကျူးလွန်မှုများမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သမဝါယမကောလိပ် (မန္တလေး)၌ မီးဘေးလုံခြုံရေး၊ အသိပညာပေးရေးနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် သမဝါယမကောလိပ် (မန္တလေး)တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ်အတွင်း ဆောင်ရွက်ရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် သင်္ဘောစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ယာမြေများတွင် ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးကြရာ ရှားပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

အမရပူရမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး