အိမ်မဲ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့ နံနက်ပိုင်းက အ.လ.က သဖန်းပင်ဆိပ် ကျောင်း၌ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထ ကောင်းများရရှိစေရန် နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊စာပေဖတ်ရှု ခြင်းအကျိုး၊ ရည်မှန်းချက်နှင့်စာရိတ္တအကြောင်း စသည့်ခေါင်းစဥ်များဖြင့်ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့သတင်း စကားလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ပြီး သုတ၊ ရသရရှိစေမည့် စာအုပ်၊စာစောင်များ၊ လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေးနံရံကပ် စာစောင်များကိုပြသထားရှိရာ ကျောင်းသား /သူ များကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုကဲ့သို့ အသိပညာဗဟုသုတရရှိစေမည့်အကြောင်းအရာများကို ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် ပိုမို၍ အသိပညာများတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)