အောင်မြေသာစံမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေး

အောင်မြေသာစံ ဖေဖော်ဝါရီ ၁၀

ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြိုနယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးစစ်ဆေးအကြံပေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်သည့် အနေအထား ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရေး အသိပညာပေးခြင်း၊ စက်သုံးဆီဆိုင်မန်နေဂျာ၊ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)