မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများစိုက်ပျိုးရန် မြေယာများစတင်ထွန်ယက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၅၁၃၅)ဧက လျာစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ နွေသီးနှံများ စိုက်ပျိုးရန် ဆည်ရေများ စတင်ပေးဝေလျက်ရှိသဖြင့် နွေနှမ်းများစိုက်ပျိုးရန် မြေယာများစတင် ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ စိုက်ပျိုးရေးတောင်သူများအားမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ မြို့တော်ခန်းမတွင်ကျင်းပသည့် ကျောက်ဆည်ခရိုင်အတွင်းနွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မဟာအောင်မြေမြို့နယ် လိုရာပြည့်စုံ ရန်မျိုးလုံပေါ်တော်မူဘုရားဓမ္မာရုံ၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ယနေ့မွန်းလွှဲပိုင်းက စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦး (၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိရေတွင်း(၂)တွင်းအားကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန့်နေ့မွန်းလွဲ(၁)နာရီက ကျောက်ဆည်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ဒွေးလှကျေးရွာတွင် တူးဖော်ထားသည့် (၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိတွင်း(၂)တွင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တံတားဦးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယမန်နေ့နံနက် (၅)နာရီခွဲ အချိန်တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား လွှင့်တင်ရာတံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများစုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ကျောက်ဆည်မြို့နယ်တွင် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်တွင် နေထိုင်ကြသော ပြည်သူများသည် တောင်သူလုပ်ငန်းများလုပ်ကိုင်ရာတွင် မိုးရေ၊ မြေအောက်ရေနှင့် စမုံ၊ ပန်းလောင်မြစ်ရေများ အသုံးပြု၍ သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက်တပို့တွဲလ (နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်  ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး (၆)၊ တိုင်းရင်းသားအထိမ်းအမှတ် ဥယျာဉ်ရှိ ပြည်ထောင်စုရင်ပြင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ကျရောက်သည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး