မြစ်သား ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက်တပို့တွဲလ (နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို Aries အသင်းနှင့် D Club (က) အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ D Club (က) အသင်းမှ (၁) ဂိုး၊ Aries အသင်းမှ (၀) ဂိုး ရရှိသောကြောင့် D Club (က) အသင်းမှ ပထမဆုဆွတ်ခူးရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်း အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံးပဓာနမထားဘဲ အားကစားစိတ်ဓါတ်ဖြင့် ကစားခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးပွဲအဖွဲ့ချုပ် ဦးတင့်လွင်ဦးက အားကစားသမားလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် အုပ်စုပွဲစဥ်ယှဥ်ပြိုင်ခဲ့သော ဘောလုံးအသင်းများအား ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသောသူများကို ကူမဲမြို့စီးပွားရေး လုပ်ငန်းရှင်များမှလည်းကောင်း၊ တတိယဆုရရှိခဲ့သော D club (ခ) အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို ရွှေမုဋ္ဌောဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌ ဦးကံညွှန့်နှင့် ငွေသားဆု(၂)သိန်းကို ရွှေမုဋ္ဌောဘုရားအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးအောင်ကျော်စိုးမှ လည်းကောင်း ဒုတိယဆုရရှိသော Aries အသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်ကို မြို့နယ်ဘောလုံးပြိုင်ပွဲအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် ငွေသားဆု (၃) သိန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟန်စိုးမှလည်းကောင်း၊ ပထမဆုရရှိသော D Club (က) အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ ငွေသားဆု(၅)သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့် ဆုဖလားချီးမြှင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းအောင်တို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံအရာရှိများနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးပြိုင်ပွဲအဖွဲ့ချုပ်နှင့် နည်းပြဆရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)