မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်း ပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းစုချုပ်နှင့် စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သဘာဝမြေသြဇာသုံးစွဲနည်းပညာပေးဟောပြောပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မနယ်မြေရဲစခန်းတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ မီးဘေးကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်များ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ(၃)နာရီက မီးဘေးလုံခြုံရေး စစ်ဆေး ပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မနယ်မြေ ရဲစခန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (၃၄)နှစ်မြောက်ဌာနနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ ၈၃လမ်း၊ ၂၀×၂၁လမ်းကြားရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြသပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများ ကျောက်ဆည်ခရိုင်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆညခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကျောက်ဆည်ခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် နွေသီးနှံ စိုက်ပျိုးသည့် တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းအချိန်က ခတက်ကုန်းကျေးရွာနှင့်မြို့ကုန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

မန္တလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင် ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ် သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင်ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း အသိ ပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

မန္တလေးမြို့ အမှတ်(၂)မူလတန်းကြို ကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ၊ အမှတ်(၂)မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး