ပြင်ဦးလွင်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၃      

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်  ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး (၆)၊ တိုင်းရင်းသားအထိမ်းအမှတ် ဥယျာဉ်ရှိ ပြည်ထောင်စုရင်ပြင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက်(၅)နာရီခွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံကို လွှင့်တင်ကာအခမ်းအနားကို တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ပြင်ဦးလွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ ဖတ်ကြားပြီး  ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား  တာဝန်ရှိသူများက ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက  ပဒေသာအကဖြင့်  ဖျော်ဖြေတင်ဆက်ကာ   တာဝန်ရှိသူများက ဂုဏ်ပြုငွေများ ပေးအပ်ခဲ့၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။ 

ခရိုင် (ပြန်/ဆက်)