မန္တလေးတိုင်းဒေသကြီး

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာအုပ်စု ကန်သာအေးကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများအာင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာ၌  ဒီဇင်ဘာလမှစိုက်ပျိုးထားသည့် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီလ (၁၄) ရက် ညနေ (၃) နာရီခွဲက အမှတ် (၁) နှင့်အမှတ် (၂) ဈေးတို့တွင် ကျင်းပပြုလုပ် သည်။

ချမ်းမြသာစည်မြို့နယ်တွင် အများပြည်သူအသုံးပြုရန် လမ်းမြေလှူဒါန်းခြင်းနှင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် အများပြည်သူအသုံးပြုရန် မန္တလေးရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လီမိတက်မှ လမ်းမြေလှူဒါန်းခြင်းနှင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ လမ်း ၇၀၊ ၁၀၁လမ်း (သိပ္ပံလမ်း)နှင့်၁၀၁လမ်း (Bလမ်း) ကြားတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကောင်စစ် ဝန်ချုပ် Ms. Gao Ping၊ New Starlight Group of Companies မှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။

လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့်အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး)ကျုံးတို့အား ပြုပြင်ထိန်းသိမ်းနိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ လောကသရဖူ ဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး (စည်တိုပုံမြို့ရိုး)ကျုံး တို့အား ရှေးမူမပျက် ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာ ဆန်းစစ်သုံးသပ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) တွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားများအား သွားရောက်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) တွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားများ၏ စုရပ်နေရာများသို့ သွားရောက်ကြည့်ရှုကာ နှုတ်ဆက်အားပေး စကားများပြောကြားခဲ့သည်။

အမရပူရမြို့နယ်တွင် မြေပြင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်​နေ့တွင်အသက် ၁၈ နှစ်ပြည့်မီသူနှင့်အထက် လူဦးရေစာရင်းအား မှန်ကန်မှုရှိစေရန်အတွက် လဝက၊ အထွေထွေအုပ်ချုဏ်ရေးဦးစီးဌာနနှင့် မြို့နယကော်မရှင်တို့ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ‌ပါမောက္ခ(ဌာနမှူး)များ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ မန္တလေးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် နည်းပြ ဆရာ၊ ဆရာမများ၊ ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)ဥက္ကဋ္ဌ ဒေါက်တာဒေါ်သန်းအေးနှင့် အသင်းဝင်များ၊ တက္ကသိုလ်ကြက်ခြေနီ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရမည်းသင်းမြို့၊ ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး