ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) တွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားများ၏ စုရပ်နေရာများသို့ သွားရောက်ကြည့်ရှုကာ နှုတ်ဆက်အားပေး စကားများပြောကြားခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါစုရပ်နေရာများသို့ ရောက်ရှိစဉ် ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက သင်တန်းသား များအား နေရာချထားပေးမှုများနှင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး သင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်၍လိုက်လံနှုတ်ဆက်အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်