အမရပူရမြို့နယ်တွင် မြေပြင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေး

အမရပူရ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်​နေ့တွင်အသက် ၁၈ နှစ်ပြည့်မီသူနှင့်အထက် လူဦးရေစာရင်းအား မှန်ကန်မှုရှိစေရန်အတွက် လဝက၊ အထွေထွေအုပ်ချုဏ်ရေးဦးစီးဌာနနှင့် မြို့နယကော်မရှင်တို့ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။

အဆိုပါ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်‌နေ့တွင် အသက် (၁၈) နှစ် ပြည့်မှီလာမည့်သူများကို ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် အမရပူရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်မင်းတို့မှ လာရောက်ကြည့်ရှုပြီး အသက် (၁၈)နှစ်နှင့်အထက် မြေပြင်ကွင်းဆင်း ကောက်ယူနေမှု၏ အားနည်း ချက်၊ အားသာချက်များနှင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးအတွက် လမ်းညွန်မှာကြားခဲ့ကြောင်း​လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)