မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်တွင် နေထိုင်ကြသော ပြည်သူများသည် တောင်သူလုပ်ငန်းများလုပ်ကိုင်ရာတွင် မိုးရေ၊ မြေအောက်ရေနှင့် စမုံ၊ ပန်းလောင်မြစ်ရေများ အသုံးပြု၍ သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက်တပို့တွဲလ (နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်  ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး (၆)၊ တိုင်းရင်းသားအထိမ်းအမှတ် ဥယျာဉ်ရှိ ပြည်ထောင်စုရင်ပြင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ကျရောက်သည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပါသဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးအသိပညာပေးနှင့် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းကို ယမန်နေ့က နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်း ၁၀၃ သစ်စက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့ ၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ မင်းကျောင်းတိုက်အတွင်းရှိ ဆန္ဒတော်ပြည့်ဘုရား၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာဒါန ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို ယ‌မန်နေ့နံနက် ၈ နာရီခွဲတွင် စတင်လောင်းလှူခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်သည် ဖေဖော်ဝါရီလ(၁၁)ရက် နံနက်ပိုင်းက တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်း စိစစ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ကြောင်း သိရသည်။

အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ ရွှေယင်းမာကျောင်းတိုက်၊ ပေါငွေချမ်းသာစေတနာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောဘုရား (၁၃၄)ကြိမ်မြောက် တပို့တွဲလ (နှမ်းမနဲ)ပွဲတော်တွင်  မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ခတ်ကစားခြင်းနှင့်အလှခတ်သရုပ်ပြပွဲခတ်ကစား

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် ခြင်းလုံးဝါသနာရှင်များစုပေါင်း၍ ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့မှ ဦးဆောင်ကာ ရွှေမုဋ္ဌောဘုရား(၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်၌ မြန်မာ့ရိုးရာခြင်းလုံဝိုင်းဖွဲ့ခတ်ကစားခြင်းနှင့် အလှခတ်သရုပ်ပြပွဲခတ်ကစားခြင်းကို ရွှေမုဋ္ဌောဘုရားမြောက်ဘက် ခြင်းခတ်ကွင်း၌ ဝိုင်းဖွဲ့ခတ်ကစားလျက်ရှိကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားကာကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အလျား (၁၅၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါလမ်းသစ် မုဒ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး