မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောသရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက တော်ဝင်ဒင်္ဂါး ကုမ္ပဏီလီမိတက် ဒင်္ဂါးမုန့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရွာသစ်လယ်ယာနှင့်အထွေထွေသမဝါယမ အသင်းသားများ၏ နွေစပါးစိုက်ပျိုးရန် လျာထားမှုနှင့်ရေရရှိမှု အခြေနေများကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ရွာသစ်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများသည် အသင်းသားများ၏နွေစပါးစိုက်ပျိုးမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဒေသအသီးသီးမှ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝဘေး အန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့်အတွက် နိုင်ငံတော်အနေဖြင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

‌ကျောက်ဆည်မြို့နယ် ပန်းခွာကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပန်းခွာကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်းအပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။

အောင်မြေသာစံမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတို့၌ အောင်မြေသာစံမြို့နယ် ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်ပုဂ္ဂိုလ်များအား မြို့နယ်ပရိယတ္တိ စာအောင်ဆု ထောက်ပံ့အဖွဲ့က အောင်လက်မှတ်နှင့်စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ နန်းရှေ့ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာ မဓမ္မဗိမာန်တော်၌ ယမန်နေ့ မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် TEL ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့မှ ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ဗဟိုမြို့မကျောင်းတိုက်ဝန်းအတွင်းရှိ ဓမ္မပါလသာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီခွဲကစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးစီး၍ အထွေထွေရောဂါကုပါရဂူကြီး (၇)ဦး၊ သွားအထူးကုပါရဂူကြီး (၁)ဦး၊ သူနာပြုအရာရှိ (၁)ဦး၊ အမျိုးသမီးသူနာပြု (၃)ဦး၊ အကူ(၂)ဦး၊ ပေါင်း(၁၄)ဦးတို့မှ သံဃာတော်များနှင့်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ(၁၅) ဂဲမိုးအိုင်အား လာရောက်လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ၊ လက်ပံအိုင်ကျေးရွာအနီး ဘူမိနယ်မြေ(၁၅) ဂဲမိုးအိုင်အဖြစ် သတ်မှတ်ထားသောနေရာကို လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး