မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး သတိပေးဆော်ဩ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နွေဦးရာသီကာလ လေပွေလေရူးများ တိုက်ခတ်စပြုလာ ပြီဖြစ်၍ မြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် မီးလောင်မှု/ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးပေါ့စစွာအသုံးမပြုရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လှည့်လည်ဆော်ဩ အသိပေးလျက်ရှိရာ ယနေ့ ညနေ (၃)နာရီမှစတင်၍ ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩ အသိပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ X-Ray စက်ထပ်မံချထားမည့်နေရာနှင့် အတက်လမ်းအသစ် ထပ်မံတိုးချဲ့ဖောက်လုပ်မည့်နေရာတို့အား တာဝန်ရှိသူများသွားရောက်ကြည့်ရှု

လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး တေဇာမြင့်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါပြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံကျေးရွာ X-Ray စစ်ဆေးရေးဂိတ်၌ X-Ray စက်ထပ်မံချထားမည့်နေရာ၊ အတက်လမ်းအသစ် ထပ်မံတိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် ဝန်ထမ်း အိမ်ရာ ထပ်မံတိုးချဲ့မည့်နေရာတို့အား ယမန်နေ့ နံနက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် အရေးပေါ်မီးငြှိမ်းသတ်ရန် ရေယူစက်ရုံ (Pump House)အား မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်းဆောင်ရွက်

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းမြသာစည် မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း  မီးလောင်မှု၊ မီးလန့်မှုနှင့် မီး‌ဘေးအန္တရာယ်များ  မဖြစ်ပေါ်စေရေးအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ညောင်ရွှေ(အ.ထ.က)၌  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် RCC နှစ်ထပ်ကျောင်းသစ် (၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ငွေကျပ်(၅၅၉.၁၈၃)သန်း အကုန်အကျခံကာ(၁၇၀x၃၀)ပေ RCC နှစ်ထပ်ကျာင်းသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပင်းတားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်အမှတ် (၄၀၅- A)ရှိ နေအိမ်များအား မီးသတ်ဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်(၉) နာရီ အချိန်မှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောသရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက တော်ဝင်ဒင်္ဂါး ကုမ္ပဏီလီမိတက် ဒင်္ဂါးမုန့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရွာသစ်လယ်ယာနှင့်အထွေထွေသမဝါယမ အသင်းသားများ၏ နွေစပါးစိုက်ပျိုးရန် လျာထားမှုနှင့်ရေရရှိမှု အခြေနေများကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ရွာသစ်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများသည် အသင်းသားများ၏နွေစပါးစိုက်ပျိုးမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး