ချမ်းမြသာစည်မြို့နယ်တွင် အရေးပေါ်မီးငြှိမ်းသတ်ရန် ရေယူစက်ရုံ (Pump House)အား မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်းဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၆

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း  မီးလောင်မှု၊ မီးလန့်မှုနှင့် မီး‌ဘေးအန္တရာယ်များ  မဖြစ်ပေါ်စေရေးအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မီးသတ်ဦးစီးမှူး ဦး‌မင်းမင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင် ရပ်ကွက်၊ကန်တော်ကြီးပတ်လမ်းရှိ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် ရေယူစက်ရုံ (Pump House) အားသွားရောက်၍ လိုအပ်သည်များအား စနစ်တကျစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြေ့