မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝင်းအတွင်း လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ညောင်ဦးအိတ်ချိန်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ချမ်းသာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဒစ်ဂျစ်တယ်ဈေးကွက်ဖွံ့ဖြိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဒစ်ဂျစ်တယ်ဈေးကွက်ဖွံ့ဖြိုးရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပတ္တာကျေးရွာတွင် စိုက်ပျိုးထားသော  ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ ပတ္တာကျေးရွာ ကွင်းအမှတ် (၂၀၉-ခ) ‌တောင်သူဦးမျိုး စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

ဒေသအသီးသီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ချီးမြှင့်ပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့သည် ယနေ့ နံနက် (၈)နာရီက အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ် ပြည်သူ့စစ်မှုထမ်းအမှတ် (၁) သင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်သည်။

ဝမ်းတွင်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် တောင်သူများ တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်း​ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါကာ  ဖေဖော်ဝါရီ(၁၆)ရက်နေ့က သခွတ်မြင့်ကျေးရွာနှင့် ရာသင်္ချာကျေးရွာရှိ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ တောင်သူဦးတင်ထွန်း စိုက်ပျိုးထားသော ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်လမ်းများ ပြုပြင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ တာချီလိတ်သွားလမ်း ပြုပြင်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာခရိုင်လမ်းဦးစီးဌာနနှင့် သာစည်မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး