ကျောက်ဆည်မြို့နယ် ညောင်ရွှေ(အ.ထ.က)၌  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် RCC နှစ်ထပ်ကျောင်းသစ် (၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ငွေကျပ်(၅၅၉.၁၈၃)သန်း အကုန်အကျခံကာ(၁၇၀x၃၀)ပေ RCC နှစ်ထပ်ကျာင်းသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်အား Ecstatic Myanmar ဆောက်လုပ်ရေးကုမ္မဏီမှတာဝန်ယူကာ ဆောက်လုပ် ပေးခြင်းဖြစ်ကြောင်းနှင့် ညောင်ရွေကျးရွာ အခြေခံပညာအထက်တန်းကျောင်းသည် ကျောက်ဆည်-တံတားဦးမြို့ချင်းဆက် ကားလမ်းဘေးတွင်တည်ရှိပြီး ၁၉၃၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် (၃.၀၄)ဧက ကျယ်ဝန်းကြောင်း (၂၀၂၄-၂၀၂၅)ပညာသင်နှစ်တွင် KG တန်း၌ ကျောင်းသား/ကျောင်းသူ(၂၃)ဦး၊ Grade-1 အတန်း၌ (၄၁)ဦး၊ Grade-2 အတန်း၌ (၃၆)ဦး၊ Grade-3 အတန်း၌ (၅၁)ဦး၊ Grade-4 အတန်း၌ (၅၀)ဦး၊ Grade-5 အတန်း၌ (၄၃)ဦး၊ Grade-6 အတန်း၌ (၁၇၃)ဦး၊ Grade-7 အတန်း၌ (၁၅၈)ဦး၊ Grade-8 အတန်း၌ (၃၆)ဦး၊ Grade-9 အတန်း၌ (၁၃၇)ဦး၊ Grade-10 အတန်း၌(၁၇၆)ဦး၊ Grade-11 အတန်း၌ (၁၃၁)ဦး၊ Grade-12 အတန်း၌ (၇၉)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၁၃၄)ဦး တက်ရောက်ပညာသင်ယူလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/ ဆရာမ(၄၈)ဦးမှ တာဝန်ယူ၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်