မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့ မြို့မစျေးနှင့်ကူမဲမြို့ မြို့မစျေးအတွင်း၌ လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မြစ်သားမြို့မစျေးနှင့်ကူမဲမြို့မစျေးတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီအချိန်က လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲနှင့် အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ တစ်အိမ်တက်ဆင်း အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေးစာစောင်ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှုများ၊ သန္ဓေတပ်ဖွဲ့ဝင် အရန်အင်အား(၂၉) တို့ဖြင့် ယနေ့နံနက်၉နာရီက (ဇ)ရပ်ကွက်၊ အိမ်ခြေ (၁၅၀) ခန့်အား တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကိုလက်တွေ့ပူးပေါင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်မြင့်နှင့် အဖွဲ့ဝင်များသည်၊ ကျောင်းများ မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီက မြို့မတောင် ရပ်ကွက်ရှိ SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်သီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါခန်းမတွင် ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၃)  အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် ( ၁)ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲမှူး စည်သူကျော်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးလွမ်းဇေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာနေရသူများ စုစုပေါင်းအင်အား (၂ဝ၀)ဦးခန့် တက်ရောက်ခဲ့သည်။

မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ‌ဟောပြောပွဲကို ယနေ့နေ့လယ် (၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်ကြီး၊‌ ရွှေစည်ခုံရပ်ကွက်ကြီး၊ မြို့မရပ်ကွက်ကြီးအတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲပြုလုပ်

ရမည်းသင်းခရိုင်၊ ရမည်းသင်းအကျဉ်းထောင်၌ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး