မဟာအောင်မြေမြို့နယ်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများနှင့်ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊  MANDALAY Hotel၊ Ball Room တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆက်စပ်အသင်းအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုး ဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်၊  ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ဦး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေး)၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (မန္တလေး)၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းရှင်များအသင်း(မန္တလေး)၊ မြန်မာနိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(မန္တလေး)၊ မြန်မာနိုင်ငံအမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း(မန္တလေး)နှင့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းတို့မှ တာဝန်ရှိသူများ၊ ဟိုတယ်များ စုစုပေါင်း ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်အသင်းများမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့်ခရီးသွားဆက်စပ်လုပ်ငန်း လုပ်ကိုင်နေကြသူများမှ သိရှိလိုသည်များ မေးမြန်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး စီးပွားရေးဝန်ကြီးတို့က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း