ချမ်အေးသာစံမြို့နယ်၊ ပရိယတ္တိသာသနာဟိတအသင်းအတွင်း လလည်ဆွမ်းကပ် ပရိတ်တရားပွဲ ကျင်းပ

ချမ်းအေးသာစံ ဧပြီ ၂၈

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅ လမ်း၊ ၃၄*၃၅လမ်းကြားရှိ ပရိယတ္တိသာသနာ ဟိတအသင်းတွင် သာသနာပိုင်တောင်ခွင်မင်းကြီးတိုက် ရှမ်းပွဲဇေတဝန်ကျောင်းအတွင်းရှိ (ဖေးကူလက်များ) လူမှူကူညီရေးအသင်း၏ နာယကဆရာတော်ဘန္ဒန္တအာဒိစ္စဝံသ ဦးဆောင်၍ လလည်ဆွမ်းကပ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သဘာဝဘေးအတွင်း ပျံလွန်တော်မူခဲ့သော သံဃာတော်များ၊ လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ ပရိတ် တနားနာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်ဘန္ဒန္တအာဒိစ္စဝံသ၊ အောင်မြေသာစံမြို့နယ် ဥပုလ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ သန္တိသုခငြိမ်းချမ်းရေးကျောင်းမှ ဆရာတော်ဘန္ဒန္တဒေါက်တာ ဝေပုလ္လတို့ကို အမှူးပြုသည့် ပင့်သံဃာအပါး (၂၀) တို့ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။

သန္တိသုခငြိမ်းချမ်းရေးကျောင်း ဆရာတော်ဘန္ဒန္တဒေါက်တာဝေပုလ္လမှ ကြွရောက်လာကြသော တရားနာပရိတ်သတ်များအား ငါးပါးသီလပေး၍ မန္တလေးငလျင်ကြီးကြောင့် ပျံလွန်တော်မူခဲ့သော စာဖြေသံဃာတော်များ၊ လူပုဂ္ဂိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် လူမှုကူညီရေး အသင်းသူ/သားများမှ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပြီး နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)