မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများတတ်မြောက်ပြီး မိသားစုအပိုဝင်ငွေမှစီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ဧပြီ (၂၈) ရက်နံနက် (၉)နာရီက လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ ဆည်တမံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည်ဆည်မြောင်းဦးစီးဌာန၊ စက်မှုအင်ဂျင်နီယာချုပ်ဦး ဝင်းထွဋ်တို့သည် ဧပြီ ၂၈ နံနက် ၈ နာရီခွဲအချိန်က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ရမည်းသင်းမြို့နယ်အတွင်း ဆည်၊ တမံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာဖြေဆိုနိုင်ရေး ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင် အုပ်ချုပ်သူများအား အခြေခံပညာကျောင်းများ၌တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  RRT team အဖွဲ့တို့မှ ငလျင်ဘေးသင့် ပြည်သူများအား လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်နှင့် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RRT team အဖွဲ့တို့မှ ဧပြီ ၂၆ ရက်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင်နှင့်အဖွဲ့သည် မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင် လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမူရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအဆိုပါကျောင်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံနှင့် ပူးပေါင်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက အုန်းချောကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သောနေရာများအား သွားရောက်ကြည့်ရှု

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ရပ်ကွက်ရှိ အန္တရာယ်ရှိအဆောက်အဦအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများအား ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ ဒဏ်ရာရပြည်သူများအတွက် ထောက်ပံ့ငွေနှင့်လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အလှူပစ္စည်းများပေးအပ်

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ဒဏ်ရာရပြည်သူများနှင့် လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းပြည်ပမှလှူဒါန်းသော အလှူပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး