ကျောက်ဆည်မြို့အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်ယူသည့်ဈေးအား လိုက်လံစစ်ဆေးဆောင်ရွက်

ကျောက်ဆည် ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဘိလပ်မြေအရောင်းဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်ယူသည့်ဈေး သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေရောင်းချသည့် အရောင်းဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)