(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်းပရိယတ္တိ စာသင်တိုက်အတွင်းနှင့်ဇိနထွဠ်တင်ပုညရှင် ဘုရားဝန်းအတွင်း ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြစ်သား    မေ   ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းပရိယတ္တိ စာသင်တိုက်အတွင်းနှင့် ဇိနထွဠ်တင်ပုညရှင်ဘုရားဝင်းအတွင်း ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်‌နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် ခေါင်းဆောင်တို့မှ မင်းကုန်းပရိယတ္တိစာသင်တိုက်အတွင်းနှင့် ဇိနထွဠ်တင်ပုညရှင် ဘုရားဝင်းအတွင်းဘုရား ရင်ပြင်တော်တွင် ပတ်ဝန်းကျင်ရှိ အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ လှိုင်အတွင်းရှိ ဆင်းတုတော်များအား ရေသပ္ပာယ်ခြင်များနှင့် ဘုရားကြီးများအား သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)