ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများရောင်းချပေး

ကျောက်ဆည် မေ‌ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချသည့် စားအုန်းဆီများကို Resources Group Trading Co.Ltd ကမ္ပဏီမှ ဝယ်ယူခြင်းဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင်  တစ်ပိဿာ ငွေ(၆၇၇၀)ကျပ်ဖြင့် ဝယ်ယူ၍ ကျောက်ဆည် မြို့နယ်တွင် ဂျူးဂျူး၊ မီဇာန်၊ ဝင်းရတနာ၊ နဒီဧရာ၊ အာကာကျော်၊ အမေထွား ဆီအရောင်းဆိုင်များမှ ထန်းဇင်တော်၊ ငါးလုံကုန်း၊ မြင်စိုင်း၊ ဆူလေကုန်း၊ ပတ္တာကျေးရွာများသို့လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် အောင်စိုးမိုးဦး ဆီအရောင်းဆိုင်မှ တရုတ်စုရပ်ကွက်သို့လည်းကောင်း၊ ကူမဲမြို့နယ်ခွဲ၌ လှ၊ ဖိုးကံကောင်း၊ ရှယ်လီဌေး၊ အောင်စိုးမိုး၊ ငွေကလပ်၊ ဒေါ်ခင်ဌေးကြည် ဆီအရောင်းဆိုင်များမှ ရွှေလေး၊ တလိုင်းကုန်း၊ ညောင်ပင်ရွာ၊ လမ်းခွ၊ ပေါမော၊ အေးသာယာ ရပ်ကွက်/ကျေးရွာများသို့လည်းကောင်း၊ ပုလိပ်မြို့နယ်ခွဲ တွင်၊ အောင်စိုးမိုးဦး၊ ဆီအရောင်းဆိုင်များမှ ချမ်းသာကုန်း၊ အိုးထိန်းတောင် ကျေးရွာများသို့ လည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ ငွေ(၇၈၉၅) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)