မလှိုင် မေ ၆
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်ကြသည့် မူလတန်းအဆင့် ကလေးများစုပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယခုလိုကျောင်းပိတ်ရက်လေးမှာ စာကြည့်တိုက် လာရောက်ကြတဲ့ကလေးများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ၊ ဒီလိုပြိုင်ပွဲများကျင်းပ ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးများအတွက် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်လာစေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ကျွန်မတို့ စာကြည့်တိုက်ကို အမြဲလာရောက်ကြစေချင်ကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်မှာ စာကြည့် တိုက်သို့လာရောက်ကာ စာပေလေ့လာဖတ်ရှုရသည့်အတွက် စာပေ၏ အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပြီး၊ တစ်ဦးနှစ်တစ်ဦးလည်း ရင်းနှီးမှုရရှိစေကာ အတွေးအခေါ်များ မြင့်မားလာစေမှာဖြစ်ကြောင်း ရှင်းလင်းချပြပြောကြားခဲ့သည်။ ထို့နောက် အရုပ်ဆက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့အား စာကြည့် တိုက် တာဝန်ခံမှ ဗလာစာအုပ်(၁) အုပ်စီနှင့်ခဲတံများ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)