ချမ်းမြသာစည်မြို့နယ် ကုတင် (၅၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ငလျင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှု ပြုလုပ်

ချမ်းမြသာစည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၂လမ်း၊ ၁၀၄×၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ယနေ့ နံနက် ၇:၄၅ နာရီ အချိန်က ငလျင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြလေ့ကျင့်ရာတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာပါက ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို သရုပ်ပြသ လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်း ဦးဆောင်၍ ဆရာ/ ဆရာမ ၂၀၀ ဦး၊ ကျောက်ဗလီလူမှုကူညီရေးအသင်း၊ အားမာန်လူမှုကူညီရေးအသင်း၊ နာရသုခလူမှုကူညီရေးအသင်းမှ အသင်း ဝင် ၁၀၀ ဦး၊ စုစုပေါင်း အင်အား ၃၀၀ ဦး၊ လူနာတင်ယာဥ် ၃ စီး တို့ဖြင့် သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့