ကျောက်ဆည် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံများစိုက်ပျိုးရာ၌ ရေရရှိရေးနည်းလမ်းဖြင့် နွေစပါး(၄၉၃၂)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေရရှိရေးနည်းလမ်းဖြင့် နွေစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ပျိုးပင်စိုက် (၂၇၄၀)ဧက၊ မျိုးစေ့တိုက်ရိုက်ချ(၁၉၆၉)ဧက၊ စုစုပေါင်း(၄၇၀၉)ဧက၊ ကင်းတားဆည်ရေသောက် စနစ်ဖြင့် ပျိုးပင်စိုက်(၁၇၅)ဧက၊ မျိုးစေ့တိုက်ရိုက်ချ(၄၈)ဧက၊ စုစုပေါင်း(၂၂၃)ဧက၊ စိုက်ပျိုးပြီးကြောင်း သိရသည်။
စိုက်ပျိုးထားသည့်နွေစပါးများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ စနစ်တကျဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများ အလိုက် စိုက်ပျိုးရေများလုံလောက်စွာ အလှည်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်