၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

မန္တလေး မေ ၁၆

ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်း အနားကို မေလ ၁၆ ရက်နေ့၊ နံနက် ၇ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊  ၂၆ လမ်း၊ ၆၆ လမ်း၊ ကျုံးထောင့်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံ ပညာကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်အား ဘင်ခရာတပ်ဖွဲ့က အလေးပြုကာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာအား ဝန်ကြီးချုပ် ဦးမျိုးအောင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံသာများဖြင့် ပတ်ဖျန်းပေးကြသည်။

၎င်းနောက် ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးများသည် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကိုယ်ပိုင်ကျောင်းများမှ တည်ထောင်အုပ်ချုပ်သူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)